အိန္ဒိယနိုင်ငံရဲ့မြို့တော် ဒေလီမှာ သွားလည်သင့်တဲ့နေရာများ (အပိုင်း ၁)
(English Version) မြို့တော် ဒေလီဟာ တိုင်းရင်းသားပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ လူပေါင်းမြောက်များစွာနေထိုင်သော နာမည်ကျော်လှတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ အိန္ဒိယ ဗျူရိုကရေစီနှင့် နိုင်ငံရေးစနစ်များမွေးဖွေးရာ အစိုးရရုံးများအခြေစိုက်ရာ နေရာလည်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ သမိုင်းဝင် ယဉ်ကျေးမှုအဆောက်အဦးတွေ၊ ရှေးဟောင်း နေရာတွေကြောင့် ကျော်ကျားလှသို ဒေလီမြို့မှာလည်း လှပခမ်းနားတဲ့ယဉ်ကျေးမှု ဗိသုကာလက်ရာတွေကို ရင်သပ်ရှုမောနိုင်မယ့်နေရာတွေလဲ မြောက်များစွာတည်ရှိနေပါတယ်။ လူဦးရေထူထပ်များပြားလှတဲ့အပြင် ရှုပ်ယှက်ခတ်နေတဲ့ ဒီမြို့ကြီးမှာ ရောင်စုံလူအုပ်ကြီးတွေဟာ ဟိုနေရာဒီနေရာ အလုပ်ရှုပ်နေကြတာကိုမြင်တွေ့ရမှပါ။ ဒေလီမြို့ကြီးရဲ့ လူနေမှုဘဝ၊ ရုန်းကန်လှုပ်ရှားမှု စတာတွေဟာလည်း တစ်မျိုးတစ်ဖုံ စိတ်ဝင်စားစရာကောင်းလို့နေမှာပါ။ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ချစ်ခင်ရင်းနှီးစွာအတူနေထိုင်ကြတဲ့ ဒေလီမြို့တော်ကြီးက သူ့ဆီလာလည်တဲ့ ဧည့်သည်တွေကို တနည်းနည်းနဲ့ စိတ်ဝင်စားအောင်ဆွဲဆောင်ကာ ကြိုဆိုနေပါလိမ့်မယ်။ ဒေလီရာသီဥတုဟာ အရမ်းပူတာမို့ ဆောင်းရာသီ (ဒီဇင်ဘာ-ဇန်နဝါရီ) ကလွဲပြီး ကျန်တဲ့လတွေမှာ လာလည်ဖြစ်ခဲ့ရင် အပြင်သွားတိုင်း ထီး၊ဦးထုပ်၊လက်ရှည်၊နေကာ …
အိန္ဒိယနိုင်ငံရဲ့မြို့တော် ဒေလီမှာ သွားလည်သင့်တဲ့နေရာများ (အပိုင်း ၁) Read More »