အိန္ဒိယနိုင်ငံရဲ့မြို့တော် ဒေလီမှာ သွားလည်သင့်တဲ့နေရာများ (အပိုင်း ၃)
( English Version ) ၇။ Connaught Place စီပီ (CP – Connaught Place) လူသိများတဲ့ ရှော့ပင်းထွက်ဖို့ နေရာကောင်းတစ်ခု ဖြစ်သလို လျှောက်လည်၊ လျှောက်ကြည့်ဖို့ နေရာကောင်းတစ်ခုဖြစ်ပါတယ်။ စီပီဟာ ဒေလီရဲ့ စီးပွားရေးအချက်အချာအကျဆုံးနေရာ၊ လူအစည်ကားဆုံးနေရာတစ်ခုဆိုလည်း မမှားပါဘူး။ အဝိုင်းပတ်ပုံစံကို နှစ်လွှာခွဲထားပြီး အပြင်ဝိုင်း၊ အတွင်းဝိုင်းဆိုပြီး ခေါ်ကြပါသေးတယ်။ အပြင်ဝိုင်းမှာဆိုရင်တော့ စားသောက်ဆိုင်တွေ၊ ဘားတွေ၊ စာအုပ်ဆိုင်တွေ၊ မုန့်ဆိုင်တွေနဲ့ ပြည့်နှက်နေပြီး အတွင်းဝိုင်းမှာဆိုရင်တော့ များသောအားဖြင့် လမ်းဘေးဆိုင်လေးတွေ၊ အိန္ဒိယထွက် လက်မှုပစ္စည်းလေးတွေ၊ ခမ်းနားတဲ့ branded ဆိုင်ကြီးတွေနဲ့ ပြည့်နေပြီး အလည်ခေါင်မှာဆိုရင်တော့ ပန်းခြံတစ်ခုရှိပါတယ်။ ပန်းခြံရဲ့အပေါ်မှာ ထောင်ထားတဲ့ အလွန်တရာကြီးမားတဲ့ အိန္ဒိယအလံကြီးကို ထောင်ထားတာမြင်ရမှာပါ။ နောက်ပြီးတော့ ဂန္ဒီရဲ့အမှတ်သင်္ကေတဖြစ်တဲ့ ဗိုင်းငင်စက်ကြီးကိုပါ မြင်တွေ့နိုင်ပါတယ်။ …
အိန္ဒိယနိုင်ငံရဲ့မြို့တော် ဒေလီမှာ သွားလည်သင့်တဲ့နေရာများ (အပိုင်း ၃) Read More »