ခံတပ်ပျက်ကြီး – The Ruined Fort

(English Below) ဒီတစ်ပတ် စနေနေ့မှာတော့ ဒေလီမြို့ တောင်ဘက်အစွန်ဆုံးနေရာမှာတည်ရှိတဲ့ ခံတပ်ပျက်ကြီးတစ်ခုကို မထင်မှတ်ဘဲရောက်ရှိခဲ့ပါတယ်။ Tughlaqabad Fort လို့ခေါ်တဲ့ ဒီခံတပ်ကြီးကို ၁၃၂၁ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တာကြောင့် အခုဆို နှစ်ပေါင်း ၇၀၀ နှစ်ပါးသက်တမ်းရှိပါပြီ။ အတော်အိုဟောင်းပြီး ပျက်စီးနေပေမယ့်လည်း တစ်ချို့နေရာတွေကတော့ ယနေ့တိုင် မပျက်စီးသေးတာတွေ့ရပါတယ်။ ခံတပ်ကြီးတစ်ခုလုံးကို ကျောက်သားတွေနဲ့တည်ဆောက်ထားပြီး အပိုင်းတစ်ခုချင်းစီကို စနစ်တကျ တည်ဆောက်ထားကို တွေ့ရပါတယ်။ ရေလှောင်ကန်ကြီးတွေ၊ နားနေဆောင်တွေ၊ မြေအောက်လမ်းတွေ၊ တော်ဝင်အိမ်ခန်းတွေ၊ ဝင်ပေါက် ၁၃ခု၊ ခန်းမကြီးတွေ စတာတွေက အနည်းငယ်သာပျက်စီးသေးပြီး ခိုင်ခိုင်မာမာတည်ရှိနေဆဲပါ။ အပေါ်စီးကမြင်ရတဲ့ မြင်ရတဲ့ စိမ်းစိမ်းစိုစိုမြင်ကွင်းတွေအပြင် လေတဖြူးဖြူးနဲ့မို့ သိပ်သာယာတဲ့နေရာလေးတစ်ခုပါ။ အတော်ကျယ်ဝန်းတဲ့ ခံတပ်ပျက်ကြီးထဲမှာ ဘယ်နေရာခြေချချ စိတ်ဝင်စားစရာကောင်းလှသလို အပျက်အစီးပုံတွေကြား၊ မပျက်စီးသေးတဲ့နေရာတွေကြားမှာ လျှောက်သွားရတဲ့ အတွေ့အကြုံတွေကြောင့် သိပ်လှတဲ့ ညနေခင်းလေးတစ်ခုဖြစ်စေခဲ့ပါတယ်။ …

ခံတပ်ပျက်ကြီး – The Ruined Fort Read More »