ကလော၊ အောင်ပန်း၊ ပင်းတယ၊ အင်းလေး၊ တောင်ကြီး သွားမယ့်သူတွေအတွက် လိုအပ်မယ့် အချက်လေးတွေ
ကလော၊ အောင်ပန်း၊ ပင်းတယ၊ အင်းလေး၊ တောင်ကြီး ကို ကိုယ့်အစီအစဉ်နဲ့ကိုယ် အကုန်အကျသက်သက်သာသာ သွားလည်ချင်တဲ့သူတွေအတွက် လိုအပ်မယ်ထင်တာလေးတွေ Sharing လုပ်ပေးချင်ပါတယ်ရှင်။
* အောက်မှာပြောပြပေးမယ့်အချက်အလက်တွေအားလုံးဟာ ကိုယ်တိုင်ရှာဖွေပြီး ကိုယ်တိုင်သွား၊ ကိုယ်တိုင်တွေ့ကြုံတာတွေမို့ အခကြေးငွေယူပြီး ကြော်ငြာပေးခြင်း လုံးဝ(လုံးဝ) မဟုတ်ပါဘူးလို့ ကြိုပြောပါရစေရှင်။ ?? ❤️☺️
~ Kalaw, Aungpan, Pindaya, Inle, Taunggyi – Review ~
ဘယ်နှရက်လိုမလဲ။ ?️
ကလော၊ အောင်ပန်း၊ ပင်းတယ ( ၂ရက်၊ ၃ည)
အင်းလေး ( ၁ရက်၊ ၁ည)
ဘယ်လိုသွားမလဲ။ ?
ကလောကို သွားမယ်ဆိုရင်တော့ ရန်ကုန်ကနေ တိုက်ရိုက်သွားလဲ ရသလို၊ မန်းလေးကနေ တစ်ဆင့်သွားလဲရပါတယ်။ ချောတို့ကတော့ ရန်ကုန်-မန်းလေး အသွားလက်မှတ်၊ တောင်ကြီး-ရန်ကုန် အပြန်လက်မှတ် ကိုပဲ ရွှေပြည်သစ်လက်မှတ်အရောင်းဌာနမှာ ဝယ်ထားလိုက်ပါတယ်။ Backpacker ဖြစ်တာမို့ အကုန်အကျသက်သာအောင် ကျန်တဲ့ ခရီးစဉ်တစ်လျှောက်ကို Local Transport အများသူငါစီးတဲ့ဟာလေးတွေကိုပဲ သုံးပြီး ခရီးသွားဖြစ်ပါတယ်။
ရန်ကုန် – မန်းလေး (၂၀၅၀၀ ကျပ်)
တောင်ကြီး – ရန်ကုန် ( ၁၈၅၀၀ ကျပ်)
ချောတို့က မန်းလေးကနေ ကလောကိုသွားတာမို့ မန်းလေးကနေ ည ၁၀နာရီထွက်ပြီး မနက်စောစော ၄နာရီလောက် ကလောကိုရောက်ပါတယ်။
ဘယ်မှာတည်းမလဲ။ ?
ကလောမှာ ဟိုတယ်တွေအများကြီးရှိတဲ့အထဲမှ Kalaw Budget Hotel လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
၁) Nature Land Hotel
ဖုန်းနံပါတ် – 081-50243, 081-50711, 09-794909737, 09-428370257, 09-796834622
ရန်ကုန်က မထွက်ခင် တစ်ညမှာ Nature Land ကို Booking လုပ်ထားပါတယ်။
နေရာ – ကားလမ်းမပေါ်မှာမဟုတ်ဘဲ အထဲဘက် ၅ မီနစ်ကျော်ကျော်လမ်းလျှောက်ဝင်ရပါတယ်။ ဆူညံသံတွေမရှိဘူး။ ပတ်ဝန်းကျင်ကတိတ်ဆိတ်တယ်။ သစ်ပစ်ပန်းမံတွေပြည့်နေတာမို့ တကယ့် တောကအိမ်လေးကိုရောက်နေသလို ခံစားရစေပါတယ်။
Customer Service – ဟိုတယ်မန်နေဂျာက အရမ်းကိုဖော်ရွေပြီး စိတ်သဘောထားကောင်းပါတယ်။ ချောကတော့ အားရင် သူနဲ့ စကားထိုင်ပြောနေတာပဲ။ ဒေသခံဖြစ်တာကတစ်ကြောင်း အရင်က တိုးရစ်ဂိုက်ဖြစ်တာကြောင့် ကလောအကြောင်းကိုနှံ့နှံ့စပ်စပ် စိတ်ရှည်လက်ရှည် ရှင်းပြ၊ ပြောပြတာမို့ ချောကတော့ သိပ်သဘောကျမိပါတယ်။
ဟိုတယ် ဝန်ဆောင်မှု – ဟိုတယ် ဈေးနှုန်းထဲမှာ မနက်စာ ပါပါတယ်။ ရှမ်းခေါက်ဆွဲ၊ ပေါင်မုန့် ကြက်ဥ၊ ဘိန်းမုန့်၊ အသီး၊ ဖျော်ရည်၊ လက်ဖက်ရည် ကြိုက်တာမှာလို့ရပါတယ်။ အရသာ သိပ်ကောင်းပါတယ်။
Trekking သွားချင်လို့ပဲဖြစ်ဖြစ် ဆိုင်ကယ်၊ ကား ငှားချင်တာရှိရင် ဟိုတယ်က စီစဉ်ပေးပါတယ်။
ချောတို့ တည်းတဲ့ နှစ်ယောက်ခန်းက တစ်ရက်ကို သုံးသောင်းဆိုတော့ သိပ်ကိုတန်တာပေါ့။
* ဟိုတယ် မန်နေဂျာ ကိုမျိုးဇော် – ဖုန်းနံပါတ် 09 49593692, 09 428370257
Nature Land က 1 နဲ့ 2 ရှိပါတယ်။ ချောတို့တည်းတာက သာယာကုန်းလမ်း၊ ခြောက်ရပ်ကွက်က တစ်ခုပါ။ အေးချမ်းတိတ်ဆိတ်တဲ့နေရာ၊ ဈေးလည်းသက်သာတာမျိုးတည်းချင်သူတွေအတွက် Recommend ပေးပါတယ်။
၂) Pine Breeze hotel – ဖုန်းနံပါတ် 081 2150166
၃) Golden Kalaw Inn – ဖုန်းနံပါတ် 081 50311
၎) Pine Land Inn – ဖုန်းနံပါတ် 081 50020
၅) Mingalar Kalaw – ဖုန်းနံပါတ် 09 259 270 418
၆) New Shine Hotel – ဖုန်းနံပါတ် 081 50028
၇) Honey Pine Hotel – ဖုန်းနံပါတ် 081 50728
၈) Mya Sabai Guest House – ဖုန်းနံပါတ် 081 50072
၉) Winner – ဖုန်းနံပါတ် 081 50025
၁၀ ) Railroad hotel – ဖုန်းနံပါတ် 081 50858
ဘယ်လိုလည်မလဲ။ ?️?
ကိုယ့်အစီအစဉ်နဲ့ ကိုယ်လည်ချင်တာမို့ ဟိုတယ်က မြေပုံတစ်ချပ်တောင်းပြီးတော့ ဟိုတယ်မန်နေဂျာနဲ့ တိုင်ပင်ဆွေးနွေးပြီး ဆိုင်ကယ်နဲ့ လျှောက်လည်ပါတယ်။
ဟိုတယ်က ဆိုင်ကယ်ငှားမယ်ဆိုရင်တော့ တစ်နာရီကို သုံးထောင်ပါ။
ချောတို့ကတော့ ကလောဈေးရှေ့က စိုး ကွမ်းယာဆိုင်မှာ တစ်နေ့ကို တစ်သောင်းခွဲနဲ့ ငှားပြီးလည်ပါတယ်။ မနက်စောစောကနေ ညအထိမှ တစ်သောင်းခွဲဆိုတော့ သိပ်တန်သလားလို့နော်။
ဆိုင်ကယ်က ငှားတဲ့သူတွေ များတာမို့ မနက် အိပ်ယာနိုးတာနဲ့ လှမ်းဖုန်းဆက်ပြီး Booking လုပ်ထားလိုက်နော်။
*စိုး ကွမ်းယာဆိုင် – ဖုန်းနံပါတ် 09 428365252 (Motorbike rental shop)
ဘယ်နေရာတွေကိုလည်မလဲ။ ?️⛰️
ချောတို့ကတော့ မြေပုံတစ်ချပ်ကိုင်၊ Google Maps လေးပါဖွင့်ပြီး ဟိုမေးဒီမေး ပါးစပ်ပါရွာရောက် လျှောက်သွားတာပါပဲ။ ချောတို့ သွားခဲ့တဲ့နေရာအစဉ်လိုက်အတိုင်းဆိုရင်
၁) ကလောဈေး
မြို့လည်က ဈေးကြီးကို ဝင်လည်ပြီး ရှမ်းရိုးရာလက်ဆောင်တွေဝယ်ခဲ့တာအပြင် ကံကောင်းပြီး ကလော ငါးရက်ဈေးနဲ့လည်း ကြုံကြိုက်ခဲ့ပါသေးတယ်။
၂) ကလော နာရီစင်
၃) ကလော ဘူတာ
၎) Hill Top
၅) Kalaw heritage hotel
၆) နှစ်တစ်ရာ Church
၇) ရွှေဥမင်လိုဏ်ဂူ
၈) နှီးဘုရား
၉) ကလော View Point
နောက်ရက် မနေ့ဘက်မှာတော့ ၁၀) တိမ်တောင် View Point ကိုသွားပါတယ်။
ဆိုင်ကယ်နဲ့ပဲ အောင်ပန်း၊ ပင်းတယကို ဆက်သွားပါတယ်။ ကလောကနေ အောင်ပန်းကို မီနစ် ၂၀ လောက်ကြာပြီး အောင်ပန်းကနေ ပင်းတယကို တစ်နာရီလောက်မောင်းရပါတယ်။
အောင်ပန်းကနေ ပင်းတယသွားတဲ့ လမ်းတစ်လျှောက်လုံး ရောင်စုံစိုက်ခင်းတွေနဲ့ သိပ်လှပါတယ်။ ပင်းတယမှာတော့ ပင်းတယလိုဏ်ဂူတစ်ခုပဲရောက်ဖြစ်ပါတယ်။ ရွာငံ၊ ရေပြာအိုင်ဘက်သွားဖို့ စီစဉ်ထားပေမယ့် ညနေဘက်ရောက်လာတာမို့ မသွားဖြစ်တော့ပဲ ကလောကိုတန်းပြန်ခဲ့ပါတယ်။
ကလောကနေ အင်းလေးကို ဘယ်လိုဆက်သွားမလဲ။ 
ရွှေညောင်မှာ ဆင်းပြီး ညောင်ရွှေကို တုတ်တုတ်စီးပါတယ်။ တစ်ယောက်ကို နှစ်ထောင်ပါ။ တည်းမယ့် ဟိုတယ်အထိ ပို့ပေးပါတယ်။
အင်းလေး ဘယ်မှာတည်းမလဲ။ ?️
ချောတို့ကတော့ ရွှေပေါက်ပင်အင်းသားဆိုတဲ့ ဟိုတယ်လေးမှာတည်းပါတယ်။ တစ်ရက်ကို သုံးသောင်းပါ။ မနက်စာပါပါတယ်။ အခန်းလေးတွေက သန့်သန့်ရှင်းရှင်းနဲ့ ဟိုတယ်ရှေ့မှာ ဘာမှမရှိပဲ ကွင်းပြင်ကြီးမို့ လေကောင်းလေသန့်လည်းရပါတယ်။
တခြား Inle Budget Hotel တွေကတော့
၁) Inle Inn – Ph 081 209016
၂) Sweet Inn – Ph 0979892723
၃) White Avenue – Ph 0979865287
၎) Joy Hotel – Ph 081 209083
၅) Green Valley Inn – Ph 09428371753
၆) Diamond Star Guesthouse – Ph 09 5216443
၇) Four Sister’s Inn – Ph 09428337092
၈) Gypsy Inn – Ph 081 29084
၉) Mingalar Inn – Ph 081 209198
အင်းလေးမှာ ဘယ်လိုလည်မလဲ။ ?
အင်းလေးမှာလည်ဖို့ တစ်နေကုန် လှေငှားမယ်ဆိုရင် နှစ်သောင်းပါ။
ဟိုတယ်နားက လှေဆိပ်မှာလာစောင့်ပေးပါတယ်။
အင်းလေးမရောက်ခင် တစ်ည ကြိုပြီး ဖုန်းဆက် Booking လုပ်ထားလိုက်ပါနော်။
ကိုရွှေမန်း (ခ) ကိုသံလွန်း – ဖုန်းနံပါတ် 09 42831 5590 (For booking boat in Inle)
မနက် ၉ နာရီကနေ ညနေ ၅ နာရီလောက်အထိ အချိန်ပေါ်မူတည်ပြီး အင်းထဲကသွားလည်လို့ရတဲ့နေရာတွေကို လှေသမားတွေက မောင်းပို့ပေးပါလိမ့်မယ်။
ချောတို့ရောက်ခဲ့တာတွေက
၁) ငွေထည်လုပ်ငန်း
၂) ရက်ကန်းလုပ်ငန်း
၃) ဝါးလုပ်ငန်း
၎) အင်းလေးဖောင်တော်ဦး
၅) ပဒေါင်လူမျိုးများရှိရာ
၆) ရွှေအင်းတိန်ဘုရား
ညနေမှောင်သွားတာမို့ Burmese Cat Village ကိုမရောက်ခဲ့ပါဘူး။
အင်းလေးကနေ တောင်ကြီးကို ဘယ်လိုဆက်သွားမလဲ။ 
– ဟိုတယ်ကနေ အင်းလေးကားဂိတ်ကို ဆိုင်ကယ်ကား စီးပါတယ်။ နှစ်ယောက် – နှစ်ထောင်ကျပ်
– အင်းလေးကားဂိတ်ကနေ တောင်ကြီးကို ပြေးဆွဲတဲ့ ကားလေးစီးပါတယ်။ တစ်ယောက် – တစ်ထောင့်ငါးရာကျပ်
– တောင်ကြီးကားရပ်တဲ့နေရာကနေ မီးပုံပျံကွင်းကို မြို့ပတ်ဘတ်စ်ကားစီးပါတယ်။ တစ်ယောက် – သုံးရာကျပ်
– မီးပုံပျံကွင်းကနေ ရန်ကုန်ပြန်မယ့် ကားကွင်းကို တက်ခ်စီစီးပါတယ်။ တစ်စီး – လေးထောင်ကျပ်
– တောင်ကြီးကားဂိတ်ကနေ အေးသာယာ အဝေးပြေးကွင်းကို ဖယ်ရီရှိပါတယ်။ ဖယ်ရီမမှီရင်တော့ အေးသာယာထိ တက်ခ်စီငှားရမှာပါ။
(ချောတို့သွားတဲ့အချိန်က မီးပုံပျံပွဲကျင်းပချိန်မို့ ကွင်းကိုသွားတာပါ။ အချိန်ရမယ်ဆိုရင် တောင်ကြီးကအထင်ကရနေရာတွေလဲ ဝင်လည်လို့ရပါတယ်)
ဘာစားမလဲ။
ရှမ်းပြည်ရောက်မှတော့ ရှမ်းအစားအစာတွေ တမုန်းသာဆွဲကြပါ။  ကလောကဆိုရင် ပြည့်ပြည့် ဆိုတဲ့ရှမ်းဆိုင်လေး အရသာကောင်းပြီး ဈေးသင့်ပါတယ်။ ကျန်တဲ့နေရာတွေမှာတော့ အဆင်ပြေရင်ပြေသလို တွေ့တဲ့ဆိုင်မှာ ဝင်စားလိုက်တာပါပဲ။ 
အခုဆိုရင် ကိုယ့်အစီအစဉ်နဲ့ကိုယ် ခြိုးခြံချွေတာပြီး ရှမ်းပြည်ဘက်ခရီးဆန့်ဖို့ လိုအပ်မယ်ထင်တဲ့အချက်လေးတွေ ပြည့်စုံလောက်ပြီထင်ပါတယ်။ တကယ်လို့ သိချင်တာများရှိရင် Comment မှာရေးခဲ့ပါနော်။ ပြန်ဖြေပေးပါ့မယ်ရှင်။ ❤️☺️
2 thoughts on “ကလော၊ အောင်ပန်း၊ ပင်းတယ၊ အင်းလေး၊ တောင်ကြီး သွားမယ့်သူတွေအတွက် လိုအပ်မယ့် အချက်လေးတွေ”
  1. ကလောကနေ တောင်ကြီးကိုဆို ဘယ်လိုသွားရမလဲ? Private taxi လိုမျိုးမဟုတ်ပဲ စျေးအသက်သာတဲ့ bus မျိုးပါ။
    1. ကလောဈေးအနောက်ဘက်လမ်းမှာ တောင်ကြီးသွားတဲ့ ကားတွေရှိပါတယ်။ မြင့်မြတ်တော်ဝင်၊ ကလောမြို့တော် ဆိုပြီး ကားဂိတ်နှစ်ခုရှိပါတယ်။ ရိုးရိုး bus တွေပါ။ 🙂
Leave a Reply to Chaw Su Thwe Cancel Reply
Your email address will not be published. Required fields are marked *
Scroll to Top