အရိုင်းဆန်ဆန် အလှတရားတွေပြည့်နှက်နေတဲ့ တောင်တန်းနဲ့ ပင်လယ်ရဲ့ဆုံရာ ငရုတ်ကောင်းဒေသရဲ့ နာမည်ကျော် ဂေါ်ရန်ဂျီသွားကြမယ်။ ချောလို တစ်ကိုယ်တော် ခရီးထွက်သူတွေ၊ စွန့်စားချင်သူတွေ၊ အားလပ်ရက် ခရီးသွားသူတွေ၊ တောင်တက်သူတွေ၊ ပင်လယ်ရေငုပ်၊ လှေစီး ကျွန်းပတ်ချင်သူတွေ၊ မိသားစုသူငယ်ချင်းတွေနဲ့ အပန်းဖြေခရီးထွက်ချင်သူတွေအတွက် သိပ်လတ်ဆတ်လွန်းလှတဲ့ ဒေသတစ်ခုပါ။ ၁၉၉၀ မတိုင်မီက နံသာပုရွာလေးနဲ့ ဂေါ်ရန်ဂျီကျွန်းကြားမှာ ပင်လယ်ကူးသဘောင်္ာတွေ ဖြတ်သွားတဲ့ မိုင်တစ်ဝက်ကျော်တဲ့ ရေလက်ကြားရှိပါတယ်။ ၁၉၉၀မှာ သောင်ပေါ်လာပြီးနောက်ပိုင်းမှာ ကမ်းချင်းဆက်သွားခဲ့ပါတယ်။ ကျောက်စက်ပန်းလိုဏ်ဂူတွေ၊ လင်းနို့ဂူတွေနဲ့ ဂေါ်ရန်ဂျီကို သွားလည်မယ်ဆိုရင် ကျွန်းပေါ်က ဘုရားစေတီကလေးကိုလည်းဖူးရမှာပါ။ ဂေါ်ရန်ဂျီကျွန်းရဲ့ အဓိကဆွဲဆောင်မှုဖြစ်တဲ့ ကျောက်ဆောင်၊ ကျောက်အငူတွေအပြင် ရေကလည်း အတော်လေးသန့်တာမို့ နာမည်ကြီးလှပေမယ့် ငွေဆောင်၊ချောင်းသာလိုမျိုး အလွယ်တကူမရောက်နိုင်၊ အစားအသောက်မပေါများပါဘူး။ ခရီးလမ်းကြမ်းပေမယ့် အရိုင်းဆန်လွန်းလှတဲ့ ဂေါ်ရန်ဂျီရဲ့အလှတရားကတော့ ချောတို့လို့ Adventure သမားတွေအတွက် တကယ့် […]
Read More