အရိုင်းဆန်ဆန် အလှတရားတွေပြည့်နှက်နေတဲ့ တောင်တန်းနဲ့ ပင်လယ်ရဲ့ဆုံရာ ငရုတ်ကောင်းဒေသရဲ့ နာမည်ကျော် ဂေါ်ရန်ဂျီသွားကြမယ်။ ချောလို တစ်ကိုယ်တော် ခရီးထွက်သူတွေ၊ စွန့်စားချင်သူတွေ၊ အားလပ်ရက် ခရီးသွားသူတွေ၊ တောင်တက်သူတွေ၊ ပင်လယ်ရေငုပ်၊ လှေစီး ကျွန်းပတ်ချင်သူတွေ၊ မိသားစုသူငယ်ချင်းတွေနဲ့ အပန်းဖြေခရီးထွက်ချင်သူတွေအတွက် သိပ်လတ်ဆတ်လွန်းလှတဲ့ ဒေသတစ်ခုပါ။ ၁၉၉၀ မတိုင်မီက နံသာပုရွာလေးနဲ့ ဂေါ်ရန်ဂျီကျွန်းကြားမှာ ပင်လယ်ကူးသဘောင်္ာတွေ ဖြတ်သွားတဲ့ မိုင်တစ်ဝက်ကျော်တဲ့ ရေလက်ကြားရှိပါတယ်။ ၁၉၉၀မှာ သောင်ပေါ်လာပြီးနောက်ပိုင်းမှာ ကမ်းချင်းဆက်သွားခဲ့ပါတယ်။ ကျောက်စက်ပန်းလိုဏ်ဂူတွေ၊ လင်းနို့ဂူတွေနဲ့ ဂေါ်ရန်ဂျီကို သွားလည်မယ်ဆိုရင် ကျွန်းပေါ်က ဘုရားစေတီကလေးကိုလည်းဖူးရမှာပါ။ ဂေါ်ရန်ဂျီကျွန်းရဲ့ အဓိကဆွဲဆောင်မှုဖြစ်တဲ့ ကျောက်ဆောင်၊ ကျောက်အငူတွေအပြင် ရေကလည်း အတော်လေးသန့်တာမို့ နာမည်ကြီးလှပေမယ့် ငွေဆောင်၊ချောင်းသာလိုမျိုး အလွယ်တကူမရောက်နိုင်၊ အစားအသောက်မပေါများပါဘူး။ ခရီးလမ်းကြမ်းပေမယ့် အရိုင်းဆန်လွန်းလှတဲ့ ဂေါ်ရန်ဂျီရဲ့အလှတရားကတော့ ချောတို့လို့ Adventure သမားတွေအတွက် တကယ့် […]
Read More* ရှေ့နှစ်က ပုဂံ သွားလည်ဖို့ အစီအစဉ်ဆွဲရင်း ချော ကိုယ်တိုင် ချရေးထားတဲ့ မှတ်စု ဖြစ်တာမို့ ကြော်ငြာပေးခြင်း လုံးဝ (လုံးဝ)မဟုတ်ပါဘူးလို့ ကြိုပြောပါရစေရှင်။ တိုတိုရှင်းရှင်း လိုအပ်မယ့်အရာလေးတွေချရေးထားတာမို့ အားလုံးအတွက် အသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ ❤️???️? * Disclaimer: This is not a sponsored or advertisement post. These are my personal notes that I had written down while planning for my trip to Bagan last year. တည်းခိုစရာနေရာများ / Accommodations in Bagan ?️?? အခုနောက်ပိုင်း တည်းခိုစရာနေရာတွေက ပုဂံမြို့သစ်နဲ့ညောင်ဦးတစ်ဝိုက်မှာ […]
Read Moreရှေ့တစ်ပတ်က စူပါဟီးရိုးတွေအစုံပါတဲ့ ရုပ်ရှင်သွားကြည့်ဖြစ်ပါတယ်။ သိပ်ကောင်းတဲ့ကားပါ။ ရုပ်ရှင်ကောင်းတယ်ဆိုတာထက် အပြင်ထွက်ပြီး ရုပ်ရှင်ရုံမှာသွားကြည့်ဖြစ်တယ်ဆိုတာက အဓိကကျပါတယ်။ ရုပ်ရှင်ရုံကိုသွားတယ်။ လက်မှတ်ဝယ်တယ်။ နောက်ပြီးတော့ မှောင်အတိကျနေတဲ့ ခန်းမကြီးထဲဝင်လိုက်တယ်။ ခဏနေတော့ မီးတွေလင်းလာပြီး ရုပ်ရှင်စပြတော့တာပဲ။ ချောအပါအဝင် အဲဒီရုပ်ရှင်ရုံထဲမှာရှိနေတဲ့ လူတွေအတွက်ကတော့ သိပ်စိတ်ကြည်နူးစရာကောင်းတဲ့ ခရီးတစ်ခုထွက်ခဲ့ရသလိုပါပဲ။ ပေါက်ပေါက်ဆုပ်လေးစားလိုက် အအေးလေးသောက်လိုက် ရုပ်ရှင်လေးကြည့်လိုက်နဲ့ တကယ့်ဇိမ်ပါပဲ။ သူငယ်ချင်းတို့ရော လှလှပပဝတ်စားပြီး အပြင်ထွက် ရုပ်ရှင်ကြည့်ဖြစ်လား။ ဘယ်တုန်းက ကြည့်ဖြစ်ခဲ့တာလဲ။ ဒါမှမဟုတ် အဝေးပြေးကား၊ လေယာဉ်ပေါ် တို့ကို ဘယ်တုန်းက နောက်ဆုံး တက်ဖြစ်ခဲ့တာလဲ။ ချော ဆိုလိုတာက သူငယ်ချင်းတို့ရဲ့ တနင်္ဂနွေနေ့တွေမှာ မိတ်ကပ်လိမ်း၊ အလှပြင်၊ သစ်လွင်တောက်ပစွာနဲ့ အပြင်ထွက်ပြီး တစ်ခုခုလုပ်ဖြစ်လား။ လေယာဉ်ပေါ်မှာ ကျွေးမယ့် အစားအသောက်တွေကိုရော ဘယ်တုန်းက နောက်ဆုံး စောင့်မျှော်ခဲ့ဖူးလဲ။ ချော ဟိုတစ်လောကမှ […]
Read MoreDiscovered many marvelous doorways and windows in Jaipur, the Pink City, Rajasthan – India. Richly carved wooden doors, miniature windows, decorated with motifs of peacocks, flower and petal decorated door, fruits and vase designs door, super cute small windows and doors with copper carving are commonly seen in City palace, Hawa Mahal and in all […]
Read Moreကလော၊ အောင်ပန်း၊ ပင်းတယ၊ အင်းလေး၊ တောင်ကြီး ကို ကိုယ့်အစီအစဉ်နဲ့ကိုယ် အကုန်အကျသက်သက်သာသာ သွားလည်ချင်တဲ့သူတွေအတွက် လိုအပ်မယ်ထင်တာလေးတွေ Sharing လုပ်ပေးချင်ပါတယ်ရှင်။ * အောက်မှာပြောပြပေးမယ့်အချက်အလက်တွေအားလုံးဟာ ကိုယ်တိုင်ရှာဖွေပြီး ကိုယ်တိုင်သွား၊ ကိုယ်တိုင်တွေ့ကြုံတာတွေမို့ အခကြေးငွေယူပြီး ကြော်ငြာပေးခြင်း လုံးဝ(လုံးဝ) မဟုတ်ပါဘူးလို့ ကြိုပြောပါရစေရှင်။ ?? ❤️☺️ ~ Kalaw, Aungpan, Pindaya, Inle, Taunggyi – Review ~ ဘယ်နှရက်လိုမလဲ။ ?️ ကလော၊ အောင်ပန်း၊ ပင်းတယ ( ၂ရက်၊ ၃ည) အင်းလေး ( ၁ရက်၊ ၁ည) ဘယ်လိုသွားမလဲ။ ? ကလောကို သွားမယ်ဆိုရင်တော့ ရန်ကုန်ကနေ တိုက်ရိုက်သွားလဲ ရသလို၊ မန်းလေးကနေ တစ်ဆင့်သွားလဲရပါတယ်။ ချောတို့ကတော့ ရန်ကုန်-မန်းလေး အသွားလက်မှတ်၊ တောင်ကြီး-ရန်ကုန် အပြန်လက်မှတ် […]
Read More(English Below) ကမ္ဘာ့အဆန်းကျယ်ဆုံးပြတိုက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဒေလီက အိမ်သာပြတိုက် ဒေလီက အထင်ကရနေရာတွေလည်း စုံအောင်ရောက်ဖူးပြီဆိုတော့ ဘယ်သွားလည်ရင်ကောင်းမလဲရှာရင်းဖွေရင်း အိမ်သာပြတိုက်ဆိုတာတွေ့တာနဲ့ အတော့်ကိုစိတ်ဝင်စားမိသွားပါတယ်။ တစ်ခါမှ မကြားဖူးဘူးရယ် ဘာတဲ့ အိမ်သာပြတိုက်။ ဘာတွေကို ပြထားမှာလဲ။ ညစ်ညစ်ပတ်ပတ်နေရာကြီးလား ဆိုပြီး စဉ်းစားမိရင်း ပြုံးမိသွားတယ်။ နာမည်နဲ့တင် စိတ်ဝင်စားဖို့ကောင်းနေတာမို့ ဒေလီမြို့လယ်ကနေ ၄၅မီနစ်လောက်ကားမောင်းရင်ရောက်တဲ့ အိမ်သာပြတိုက်ကိုအရောက်သွားခဲ့ပါတယ်။ ပြတိုက်ဆိုပေမယ့် ခမ်းခမ်းနားနား အဆောက်အဦးကြီးလိုမျိုးမဟုတ်ပါဘူး။ တစ်ထပ်တိုက်ကိုမှ အကျယ်ကြီးဆောက်ထားတာမျိုးပါ။ ပန်းရနံ့လေးတွေမွှေးပျံ့နေပြီး စိမ်းစိမ်းစိုစိုနေတဲ့ ပန်းရုံတောကြီးက ဝင်လမ်းအမိုးပေါ်ကနေ အရိပ်မိုးပေးထားပါတယ်။ ပြတိုက်အတွင်းထဲမဝင်ခင် အပြင်ဘက်မှာတင် အိမ်သာပုံစံ၊ အိမ်သာတွင်းပုံစံအမျိုးမျိုးကို တကယ့်လက်တွေ့ပုံစံအတိုင်း ဆောက်လုပ်ပြထားတာကိုတွေ့ရပါတယ်။ အိမ်သာတွေဆိုလို့ ညစ်ပတ်တဲ့နေရာလို့ ကိုယ်တွေထင်တာမှားရောပေါ့။ တကယ့်ကို သန့်ရှင်းသပ်ယပ်ပြီး အင်မတန် စနစ်တကျဆောက်လုပ်ထားတာပါ။ ဘယ်နှခုနှစ်က ဘယ်နေရာတွေမှာ သုံးတာ၊ ဘယ်နှနှစ်ခံတယ်၊ ဘယ်လောက်ကုန်ကျမယ်၊ […]
Read More( English Version ) ၁၀။ Red Fort ဒေလီမြို့ဟောင်းမှာတည်ရှိတဲ့ အနီရောင်ခံတပ်ကြီး Red Fort ဟာ မဂိုမင်းအဆက်ဆက် ဧကရာဇ်တွေနေထိုင်ရာနေရာဖြစ်ခဲ့ပြီး နိုင်ငံရေးဆိုင်ရာအခမ်းအနားတွေကျင်းပရာနေရာလည်းဖြစ်ခဲ့ပါတယ်။ မဂိုမင်းတစ်ပါးဖြစ်တဲ့ ရှာဂျဟန်က ၁၆၃၉ ခုနှစ်မှာတည်ဆောက်ခဲ့တာဖြစ်ပြီး အနီရောင်သဲကျောက်များကိုသုံးပြီးတည်ဆောက်ထားတာကြောင့် အနီရောင်ခံတပ်ကြီးလို့အမည်တွင်ခဲ့တာပါ။ ခံတပ်ကြီးတစ်ခုလုံးရဲ့အတွင်းအပြင် ဗိသုကာလက်ရာတွေကတော့ အစ္စလမ်-အိန္ဒိယ ရောယှက်ထားတဲ့ ဗိသုကာလက်ရာတွေဖြစ်ပါတယ်။ ခံတပ်ကြီးရဲ့အဓိကဝင်ပေါက်ကြီးဖြစ်တဲ့ လဟိုးဝင်ပေါက်ကနေ ဝင်သွားရင်တော့ လက်မှုပစ္စည်းလေးတွေ၊ ကျောက်မျက်ရတနာလေးတွေရောင်းတဲ့ ဈေးဆိုင်တန်းတစ်ခုကိုမြင်ရမှာပါ။ ခံတပ်ကြီးအတွင်းမှာတော့ ရှေးဟောင်းသုတေသနဆိုင်ရာပြတိုက်တစ်ခု၊ အိန္ဒိယစစ်အောက်မေ့ဖွယ်ရာပြတိုက်တစ်ခု နဲ့ ၂၀ရာစုနေတွေတုန်းက ထင်ရှားကျော်ကြာခဲ့တဲ့ အာဇာနည်တွေရဲ့သွေးပန်းချီကားတွေပြထားတဲ့ ပြတိုက်တစ်ခု ရှိပါတယ်။ ခံတပ်ကြီးအတွင်းက အဆောက်အဦးတစ်ချို့က အနည်းငယ်သာပျက်စီးပြီး အကောင်းအတိုင်းသာရှိနေသေးပေမယ့် တစ်ချို့ကတော့ လုံးဝပျက်စီးစပြုနေပါပြီ။ ယနေ့ထက်တိုင် ခိုင်ခိုင်မာမာ မပျက်မစီးတည်ရှိနေတာတွေကတော့ မြို့ရိုးကြီးတစ်ခုလုံး၊ ဝင်ပေါက်ဂိတ်များ၊ ပရိသတ်တွေအတွက်ထားရှိတဲ့ ခန်းမကြီးများ၊ အရှေ့ဘက်မြစ်ကမ်းပါးပေါ်တစ်ဝိုက်မှာတည်ရှိတဲ့ […]
Read More(English Below) ဒီတစ်ပတ် စနေနေ့မှာတော့ ဒေလီမြို့ တောင်ဘက်အစွန်ဆုံးနေရာမှာတည်ရှိတဲ့ ခံတပ်ပျက်ကြီးတစ်ခုကို မထင်မှတ်ဘဲရောက်ရှိခဲ့ပါတယ်။ Tughlaqabad Fort လို့ခေါ်တဲ့ ဒီခံတပ်ကြီးကို ၁၃၂၁ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တာကြောင့် အခုဆို နှစ်ပေါင်း ၇၀၀ နှစ်ပါးသက်တမ်းရှိပါပြီ။ အတော်အိုဟောင်းပြီး ပျက်စီးနေပေမယ့်လည်း တစ်ချို့နေရာတွေကတော့ ယနေ့တိုင် မပျက်စီးသေးတာတွေ့ရပါတယ်။ ခံတပ်ကြီးတစ်ခုလုံးကို ကျောက်သားတွေနဲ့တည်ဆောက်ထားပြီး အပိုင်းတစ်ခုချင်းစီကို စနစ်တကျ တည်ဆောက်ထားကို တွေ့ရပါတယ်။ ရေလှောင်ကန်ကြီးတွေ၊ နားနေဆောင်တွေ၊ မြေအောက်လမ်းတွေ၊ တော်ဝင်အိမ်ခန်းတွေ၊ ဝင်ပေါက် ၁၃ခု၊ ခန်းမကြီးတွေ စတာတွေက အနည်းငယ်သာပျက်စီးသေးပြီး ခိုင်ခိုင်မာမာတည်ရှိနေဆဲပါ။ အပေါ်စီးကမြင်ရတဲ့ မြင်ရတဲ့ စိမ်းစိမ်းစိုစိုမြင်ကွင်းတွေအပြင် လေတဖြူးဖြူးနဲ့မို့ သိပ်သာယာတဲ့နေရာလေးတစ်ခုပါ။ အတော်ကျယ်ဝန်းတဲ့ ခံတပ်ပျက်ကြီးထဲမှာ ဘယ်နေရာခြေချချ စိတ်ဝင်စားစရာကောင်းလှသလို အပျက်အစီးပုံတွေကြား၊ မပျက်စီးသေးတဲ့နေရာတွေကြားမှာ လျှောက်သွားရတဲ့ အတွေ့အကြုံတွေကြောင့် သိပ်လှတဲ့ ညနေခင်းလေးတစ်ခုဖြစ်စေခဲ့ပါတယ်။ […]
Read More( English Version ) ၇။ Connaught Place စီပီ (CP – Connaught Place) လူသိများတဲ့ ရှော့ပင်းထွက်ဖို့ နေရာကောင်းတစ်ခု ဖြစ်သလို လျှောက်လည်၊ လျှောက်ကြည့်ဖို့ နေရာကောင်းတစ်ခုဖြစ်ပါတယ်။ စီပီဟာ ဒေလီရဲ့ စီးပွားရေးအချက်အချာအကျဆုံးနေရာ၊ လူအစည်ကားဆုံးနေရာတစ်ခုဆိုလည်း မမှားပါဘူး။ အဝိုင်းပတ်ပုံစံကို နှစ်လွှာခွဲထားပြီး အပြင်ဝိုင်း၊ အတွင်းဝိုင်းဆိုပြီး ခေါ်ကြပါသေးတယ်။ အပြင်ဝိုင်းမှာဆိုရင်တော့ စားသောက်ဆိုင်တွေ၊ ဘားတွေ၊ စာအုပ်ဆိုင်တွေ၊ မုန့်ဆိုင်တွေနဲ့ ပြည့်နှက်နေပြီး အတွင်းဝိုင်းမှာဆိုရင်တော့ များသောအားဖြင့် လမ်းဘေးဆိုင်လေးတွေ၊ အိန္ဒိယထွက် လက်မှုပစ္စည်းလေးတွေ၊ ခမ်းနားတဲ့ branded ဆိုင်ကြီးတွေနဲ့ ပြည့်နေပြီး အလည်ခေါင်မှာဆိုရင်တော့ ပန်းခြံတစ်ခုရှိပါတယ်။ ပန်းခြံရဲ့အပေါ်မှာ ထောင်ထားတဲ့ အလွန်တရာကြီးမားတဲ့ အိန္ဒိယအလံကြီးကို ထောင်ထားတာမြင်ရမှာပါ။ နောက်ပြီးတော့ ဂန္ဒီရဲ့အမှတ်သင်္ကေတဖြစ်တဲ့ ဗိုင်းငင်စက်ကြီးကိုပါ မြင်တွေ့နိုင်ပါတယ်။ […]
Read Moreမင်္ဂလာပါရှင့်။ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာ ရန်ကုန်မြို့မှာပဲဖြစ်ဖြစ်၊ ရန်ကုန်မြို့အနီးအနားက နေရာလေးတွေကိုပဲဖြစ်ဖြစ် သွားလည်လို့ရတဲ့ Weekend Getaways လေးတွေကို Share ချင်ပါတယ်ရှင်။ တစ်ပတ် ငါးရက် ရုံးတက်၊ ကျောင်းသွား၊ သင်တန်းတက်နဲ့ ရန်ကုန်မြို့ကြီးမှာနေရတာဟာ တနည်းနည်းနဲ့တော့ စိတ်ပင်ပန်း ငြီးငွေ့ကြတာပါပဲ။ ချောကတော့ များသောအားဖြင့် စနေ၊ တနင်္ဂနွေဆို အသားကုန်အိပ်ပစ်၊ အိပ်ရေးဝရင် စာအုပ်လေးဖတ်နဲ့ အနားယူဖြစ်တာများပါတယ်။ ဒါပေမယ့် ကိုယ်က လျှောက်လည် လျှောက်ကြည့် နေရာသစ်လေးတွေကို စူးစမ်းချင်တတ်သူမို့ စနေ တစ်ရက်တည်း ဒါမှမဟုတ် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး အချိန်ပေးပြီး ရန်ကုန်မြို့အနီးအနားက နေရာလေးတွေကိုသွားလည်ဖြစ်ခဲ့ပါတယ်။ ချောရောက်ခဲ့ဖူးတဲ့ နေရာလေးတွေထဲကမှ တကယ်လည်း စိတ်အပန်းပြေပြီး အားလပ်ရက်ကို အကျိုးရှိရှိအသုံးချရကျိုးနပ်တဲ့နေရာလေးတွေကို ရွေးပြီးဖော်ပြပေးလိုက်ပါတယ်။ ၁။ ဘားအံ […]
Read More