ဒေလီ

Burmese

အိန္ဒိယနိုင်ငံရဲ့မြို့တော် ဒေလီမှာ သွားလည်သင့်တဲ့နေရာများ (အပိုင်း ၄-နောက်ဆုံးပိုင်း)

( English Version ) ၁၀။ Red Fort ဒေလီမြို့ဟောင်းမှာတည်ရှိတဲ့ အနီရောင်ခံတပ်ကြီး Red Fort ဟာ မဂိုမင်းအဆက်ဆက် ဧကရာဇ်တွေနေထိုင်ရာနေရာဖြစ်ခဲ့ပြီး နိုင်ငံရေးဆိုင်ရာအခမ်းအနားတွေကျင်းပရာနေရာလည်းဖြစ်ခဲ့ပါတယ်။ မဂိုမင်းတစ်ပါးဖြစ်တဲ့ ရှာဂျဟန်က ၁၆၃၉ ခုနှစ်မှာတည်ဆောက်ခဲ့တာဖြစ်ပြီး အနီရောင်သဲကျောက်များကိုသုံးပြီးတည်ဆောက်ထားတာကြောင့် အနီရောင်ခံတပ်ကြီးလို့အမည်တွင်ခဲ့တာပါ။ ခံတပ်ကြီးတစ်ခုလုံးရဲ့အတွင်းအပြင် ဗိသုကာလက်ရာတွေကတော့ အစ္စလမ်-အိန္ဒိယ ရောယှက်ထားတဲ့ ဗိသုကာလက်ရာတွေဖြစ်ပါတယ်။ ခံတပ်ကြီးရဲ့အဓိကဝင်ပေါက်ကြီးဖြစ်တဲ့ လဟိုးဝင်ပေါက်ကနေ ဝင်သွားရင်တော့ လက်မှုပစ္စည်းလေးတွေ၊ ကျောက်မျက်ရတနာလေးတွေရောင်းတဲ့ ဈေးဆိုင်တန်းတစ်ခုကိုမြင်ရမှာပါ။ ခံတပ်ကြီးအတွင်းမှာတော့ ရှေးဟောင်းသုတေသနဆိုင်ရာပြတိုက်တစ်ခု၊ အိန္ဒိယစစ်အောက်မေ့ဖွယ်ရာပြတိုက်တစ်ခု နဲ့ ၂၀ရာစုနေတွေတုန်းက ထင်ရှားကျော်ကြာခဲ့တဲ့ အာဇာနည်တွေရဲ့သွေးပန်းချီကားတွေပြထားတဲ့ ပြတိုက်တစ်ခု ရှိပါတယ်။ ခံတပ်ကြီးအတွင်းက အဆောက်အဦးတစ်ချို့က အနည်းငယ်သာပျက်စီးပြီး အကောင်းအတိုင်းသာရှိနေသေးပေမယ့် တစ်ချို့ကတော့ လုံးဝပျက်စီးစပြုနေပါပြီ။ ယနေ့ထက်တိုင် ခိုင်ခိုင်မာမာ မပျက်မစီးတည်ရှိနေတာတွေကတော့ မြို့ရိုးကြီးတစ်ခုလုံး၊ ဝင်ပေါက်ဂိတ်များ၊ ပရိသတ်တွေအတွက်ထားရှိတဲ့ ခန်းမကြီးများ၊ အရှေ့ဘက်မြစ်ကမ်းပါးပေါ်တစ်ဝိုက်မှာတည်ရှိတဲ့ […]

Read More
Burmese
English

ခံတပ်ပျက်ကြီး – The Ruined Fort

(English Below) ဒီတစ်ပတ် စနေနေ့မှာတော့ ဒေလီမြို့ တောင်ဘက်အစွန်ဆုံးနေရာမှာတည်ရှိတဲ့ ခံတပ်ပျက်ကြီးတစ်ခုကို မထင်မှတ်ဘဲရောက်ရှိခဲ့ပါတယ်။ Tughlaqabad Fort လို့ခေါ်တဲ့ ဒီခံတပ်ကြီးကို ၁၃၂၁ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တာကြောင့် အခုဆို နှစ်ပေါင်း ၇၀၀ နှစ်ပါးသက်တမ်းရှိပါပြီ။ အတော်အိုဟောင်းပြီး ပျက်စီးနေပေမယ့်လည်း တစ်ချို့နေရာတွေကတော့ ယနေ့တိုင် မပျက်စီးသေးတာတွေ့ရပါတယ်။ ခံတပ်ကြီးတစ်ခုလုံးကို ကျောက်သားတွေနဲ့တည်ဆောက်ထားပြီး အပိုင်းတစ်ခုချင်းစီကို စနစ်တကျ တည်ဆောက်ထားကို တွေ့ရပါတယ်။ ရေလှောင်ကန်ကြီးတွေ၊ နားနေဆောင်တွေ၊ မြေအောက်လမ်းတွေ၊ တော်ဝင်အိမ်ခန်းတွေ၊ ဝင်ပေါက် ၁၃ခု၊ ခန်းမကြီးတွေ စတာတွေက အနည်းငယ်သာပျက်စီးသေးပြီး ခိုင်ခိုင်မာမာတည်ရှိနေဆဲပါ။ အပေါ်စီးကမြင်ရတဲ့ မြင်ရတဲ့ စိမ်းစိမ်းစိုစိုမြင်ကွင်းတွေအပြင် လေတဖြူးဖြူးနဲ့မို့ သိပ်သာယာတဲ့နေရာလေးတစ်ခုပါ။ အတော်ကျယ်ဝန်းတဲ့ ခံတပ်ပျက်ကြီးထဲမှာ ဘယ်နေရာခြေချချ စိတ်ဝင်စားစရာကောင်းလှသလို အပျက်အစီးပုံတွေကြား၊ မပျက်စီးသေးတဲ့နေရာတွေကြားမှာ လျှောက်သွားရတဲ့ အတွေ့အကြုံတွေကြောင့် သိပ်လှတဲ့ ညနေခင်းလေးတစ်ခုဖြစ်စေခဲ့ပါတယ်။ […]

Read More
Burmese

အိန္ဒိယနိုင်ငံရဲ့မြို့တော် ဒေလီမှာ သွားလည်သင့်တဲ့နေရာများ (အပိုင်း ၂)

(English Version) အပိုင်း ၁ မှ အဆက်  Jantar Mantar အခုလက်ရှိ ခေတ်ပေါ် နာရီတွေမပေါ်ခင် ရှေးခတ်က လူတွေ  ခုနှစ်၊ရက်၊လ၊အချိန်တွေကို တွက်ချက်ဖို့ တည်ဆောက်ခဲ့တဲ့ ဗိသုကာလက်ရာမြောက် နက္ခတ်ဗေဒဆိုင်ရာ ကိရိယာအဆောက်အဦးကြီးတွေကို လေ့လာချင်တယ်ဆိုရင်တော့ ဒေလီက Jantar Mantar မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ မြို့လယ်ခေါင် လူစည်ကားရာနေရာကနေ လမ်းလျှောက်သွားရင် အလွယ်လေးရောက်နိုင်တဲ့ Jantar Mantar ဟာ နက္ခတ်ဗေဒဆိုင်ရာ အဆောက်အဦး (ကိရိယာကြီးတွေ) ၁၃ ခုနဲ့ဖွဲ့စည်းထားတဲ့ နေရာကြီးဖြစ်ပါတယ်။ Jantar Mantar ဟာ အချိန်ခန့်မှန်းဖို့၊ ဂြိုလ်၊ နေ၊ လတို့ရဲ့ ရွှေ့လျားမှုတွေကို စောင့်ကြည့်ဖို့နဲ့ နက္ခတ်ဗေဒဆိုင်ရာများကိုပေါင်းစပ်ခန့်မှန်းဖို့ စတဲ့ရည်ရွယ်ချက်များနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာလောက်တုန်းက တည်ဆောက်ခဲ့တာပါ။ သမိုင်းဝင် နက္ခတ်ဗေဒဆိုင်ရာ သိသာထင်ရှားလှတဲ့ […]

Read More
Burmese

အိန္ဒိယနိုင်ငံရဲ့မြို့တော် ဒေလီမှာ သွားလည်သင့်တဲ့နေရာများ (အပိုင်း ၁)

(English Version) မြို့တော် ဒေလီဟာ တိုင်းရင်းသားပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ လူပေါင်းမြောက်များစွာနေထိုင်သော နာမည်ကျော်လှတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ အိန္ဒိယ ဗျူရိုကရေစီနှင့် နိုင်ငံရေးစနစ်များမွေးဖွေးရာ အစိုးရရုံးများအခြေစိုက်ရာ နေရာလည်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ သမိုင်းဝင် ယဉ်ကျေးမှုအဆောက်အဦးတွေ၊ ရှေးဟောင်း နေရာတွေကြောင့် ကျော်ကျားလှသို ဒေလီမြို့မှာလည်း လှပခမ်းနားတဲ့ယဉ်ကျေးမှု ဗိသုကာလက်ရာတွေကို ရင်သပ်ရှုမောနိုင်မယ့်နေရာတွေလဲ မြောက်များစွာတည်ရှိနေပါတယ်။ လူဦးရေထူထပ်များပြားလှတဲ့အပြင် ရှုပ်ယှက်ခတ်နေတဲ့ ဒီမြို့ကြီးမှာ ရောင်စုံလူအုပ်ကြီးတွေဟာ ဟိုနေရာဒီနေရာ အလုပ်ရှုပ်နေကြတာကိုမြင်တွေ့ရမှပါ။ ဒေလီမြို့ကြီးရဲ့ လူနေမှုဘဝ၊ ရုန်းကန်လှုပ်ရှားမှု စတာတွေဟာလည်း တစ်မျိုးတစ်ဖုံ စိတ်ဝင်စားစရာကောင်းလို့နေမှာပါ။ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ချစ်ခင်ရင်းနှီးစွာအတူနေထိုင်ကြတဲ့ ဒေလီမြို့တော်ကြီးက သူ့ဆီလာလည်တဲ့ ဧည့်သည်တွေကို တနည်းနည်းနဲ့ စိတ်ဝင်စားအောင်ဆွဲဆောင်ကာ ကြိုဆိုနေပါလိမ့်မယ်။ ဒေလီရာသီဥတုဟာ အရမ်းပူတာမို့ ဆောင်းရာသီ (ဒီဇင်ဘာ-ဇန်နဝါရီ) ကလွဲပြီး ကျန်တဲ့လတွေမှာ လာလည်ဖြစ်ခဲ့ရင် အပြင်သွားတိုင်း ထီး၊ဦးထုပ်၊လက်ရှည်၊နေကာ […]

Read More