toilets museum

Burmese
English

International Museum of Toilets – Weird, quirky and interesting!

(English Below) ကမ္ဘာ့အဆန်းကျယ်ဆုံးပြတိုက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဒေလီက အိမ်သာပြတိုက် ဒေလီက အထင်ကရနေရာတွေလည်း စုံအောင်ရောက်ဖူးပြီဆိုတော့ ဘယ်သွားလည်ရင်ကောင်းမလဲရှာရင်းဖွေရင်း အိမ်သာပြတိုက်ဆိုတာတွေ့တာနဲ့ အတော့်ကိုစိတ်ဝင်စားမိသွားပါတယ်။ တစ်ခါမှ မကြားဖူးဘူးရယ် ဘာတဲ့ အိမ်သာပြတိုက်။ ဘာတွေကို ပြထားမှာလဲ။ ညစ်ညစ်ပတ်ပတ်နေရာကြီးလား ဆိုပြီး စဉ်းစားမိရင်း ပြုံးမိသွားတယ်။ နာမည်နဲ့တင် စိတ်ဝင်စားဖို့ကောင်းနေတာမို့ ဒေလီမြို့လယ်ကနေ ၄၅မီနစ်လောက်ကားမောင်းရင်ရောက်တဲ့ အိမ်သာပြတိုက်ကိုအရောက်သွားခဲ့ပါတယ်။ ပြတိုက်ဆိုပေမယ့် ခမ်းခမ်းနားနား အဆောက်အဦးကြီးလိုမျိုးမဟုတ်ပါဘူး။ တစ်ထပ်တိုက်ကိုမှ အကျယ်ကြီးဆောက်ထားတာမျိုးပါ။  ပန်းရနံ့လေးတွေမွှေးပျံ့နေပြီး စိမ်းစိမ်းစိုစိုနေတဲ့ ပန်းရုံတောကြီးက ဝင်လမ်းအမိုးပေါ်ကနေ အရိပ်မိုးပေးထားပါတယ်။ ပြတိုက်အတွင်းထဲမဝင်ခင် အပြင်ဘက်မှာတင် အိမ်သာပုံစံ၊ အိမ်သာတွင်းပုံစံအမျိုးမျိုးကို တကယ့်လက်တွေ့ပုံစံအတိုင်း ဆောက်လုပ်ပြထားတာကိုတွေ့ရပါတယ်။ အိမ်သာတွေဆိုလို့ ညစ်ပတ်တဲ့နေရာလို့ ကိုယ်တွေထင်တာမှားရောပေါ့။ တကယ့်ကို သန့်ရှင်းသပ်ယပ်ပြီး အင်မတန် စနစ်တကျဆောက်လုပ်ထားတာပါ။ ဘယ်နှခုနှစ်က ဘယ်နေရာတွေမှာ သုံးတာ၊ ဘယ်နှနှစ်ခံတယ်၊ ဘယ်လောက်ကုန်ကျမယ်၊ […]

Read More