International Museum of Toilets – Weird, quirky and interesting!

(English Below)

ကမ္ဘာ့အဆန်းကျယ်ဆုံးပြတိုက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဒေလီက အိမ်သာပြတိုက်

ဒေလီက အထင်ကရနေရာတွေလည်း စုံအောင်ရောက်ဖူးပြီဆိုတော့ ဘယ်သွားလည်ရင်ကောင်းမလဲရှာရင်းဖွေရင်း အိမ်သာပြတိုက်ဆိုတာတွေ့တာနဲ့ အတော့်ကိုစိတ်ဝင်စားမိသွားပါတယ်။ တစ်ခါမှ မကြားဖူးဘူးရယ် ဘာတဲ့ အိမ်သာပြတိုက်။ ဘာတွေကို ပြထားမှာလဲ။ ညစ်ညစ်ပတ်ပတ်နေရာကြီးလား ဆိုပြီး စဉ်းစားမိရင်း ပြုံးမိသွားတယ်။ နာမည်နဲ့တင် စိတ်ဝင်စားဖို့ကောင်းနေတာမို့ ဒေလီမြို့လယ်ကနေ ၄၅မီနစ်လောက်ကားမောင်းရင်ရောက်တဲ့ အိမ်သာပြတိုက်ကိုအရောက်သွားခဲ့ပါတယ်။

ပြတိုက်ဆိုပေမယ့် ခမ်းခမ်းနားနား အဆောက်အဦးကြီးလိုမျိုးမဟုတ်ပါဘူး။ တစ်ထပ်တိုက်ကိုမှ အကျယ်ကြီးဆောက်ထားတာမျိုးပါ။  ပန်းရနံ့လေးတွေမွှေးပျံ့နေပြီး စိမ်းစိမ်းစိုစိုနေတဲ့ ပန်းရုံတောကြီးက ဝင်လမ်းအမိုးပေါ်ကနေ အရိပ်မိုးပေးထားပါတယ်။ ပြတိုက်အတွင်းထဲမဝင်ခင် အပြင်ဘက်မှာတင် အိမ်သာပုံစံ၊ အိမ်သာတွင်းပုံစံအမျိုးမျိုးကို တကယ့်လက်တွေ့ပုံစံအတိုင်း ဆောက်လုပ်ပြထားတာကိုတွေ့ရပါတယ်။ အိမ်သာတွေဆိုလို့ ညစ်ပတ်တဲ့နေရာလို့ ကိုယ်တွေထင်တာမှားရောပေါ့။ တကယ့်ကို သန့်ရှင်းသပ်ယပ်ပြီး အင်မတန် စနစ်တကျဆောက်လုပ်ထားတာပါ။ ဘယ်နှခုနှစ်က ဘယ်နေရာတွေမှာ သုံးတာ၊ ဘယ်နှနှစ်ခံတယ်၊ ဘယ်လောက်ကုန်ကျမယ်၊ ဘယ်နှယောက်သုံးနိုင်တယ် အစရှိတဲ့ အချက်အလက်တွေကိုလည်း အသေးစိတ်ရေးထားပေးပါတယ်။ ပြတိုက်အခန်းထဲဝင်လိုက်တယ်ဆိုရင်ပဲ အလယ်ခေါင်မှာ နိုင်ငံပေါင်းစုံရဲ့အလံတွေကို မြင်ရမှာဖြစ်ပြီး အိန္ဒိယတစ်နိုင်ငံတည်းမှာသုံးတဲ့ အိမ်သာတွေတင်မကပဲ တခြားနိုင်ငံတွေမှာပါ ဘယ်လိုအိမ်သာမျိုးတွေသုံးလဲဆိုတာပြထားတဲ့ ပြတိုက်မျိုးဖြစ်ပါတယ်။

 

နိုင်ငံတကာအိမ်သာပြတိုက် ဆိုတဲ့နာမည်နဲ့အညီ နိုင်ငံပေါင်း ၅၀ ကျော်ရဲ့ အိမ်သာသုံးစွဲလာပုံအဆင့်ဆင့်သမိုင်းကြောင်း၊ အိမ်သာဒီဇိုင်းပေါင်းများစွာကို ပုံတွေ၊ စာတွေနဲ့ သေချာပြထားသလို၊ အိမ်သာအလုံးလိုက်တွေကိုလဲ မှန်ပုံးထဲထည့်ပြီး စနစ်တကျပြထားထားကိုတွေ့ရပါတယ်။ အိမ်သာနဲ့ပတ်သက်တဲ့ ကာတွန်းတွေ၊ ဟာသတွေကို ချိတ်ဆွဲပြသထားတာကလည်း လာရောက်ကြည့်ရှုတဲ့သူတွေကို မပျင်းစေအောင် ဆွဲဆောင်နေပါတယ်။

ဒီအိမ်သာပြတိုက်ဟာ ၁၉၉၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း ငါးထောင် ကျော်လောက်ကတည်းက အသုံးပြုနေတဲ့ အိမ်သာပုံစံဒီဇိုင်းမျိုးစုံးကို ရှေးခေတ်၊ အလယ်ခေတ်၊ ယနေ့ခေတ်၊ ခေတ်သုံးခတ် စုပေါင်းကာပြသထားခြင်းဖြစ်ပါတယ်။ မိလ္လာ ရေဆိုးစနစ်၊ အိမ်သာနဲ့ပတ်သက်တဲ့ ပစ္စည်းတွေအပြင် အိမ်သာပေါင်းစုံရဲ့သမိုင်းကို ဖတ်ရှုနိုင်သလို ပြတိုက်ရဲ့ရည်ရွယ်ချက်ကိုက Sanitation နဲ့ sewage စနစ်တွေနဲ့ပတ်သက်ပြီး လူတွေကို အသိပညာပေးဖို့ပါတဲ့။

သစ်သားနဲ့လုပ်ထားတဲ့အိမ်သာ၊ ကြွေခွက်နဲ့လုပ်ထားတဲ့အိမ်သာ၊ ပန်းခက်ပန်းလက်တွေနဲ့သိပ်လှနေတဲ့အိမ်သာ စတဲ့ ရှေးခတ်ကတည်းက နိုင်ငံပေါင်းစုံမှာသုံးလာတဲ့အိမ်သာတွေကစလို့ ဒီနေ့ခေတ် Electronic အိမ်သာတွေအထိ စုံစုံလင်လင်ပြသထားပါတယ်။

ကိုယ့်အိမ်မှာဆို အိမ်သာတစ်လုံးပဲမြင်ရပေမယ့် ဒီပြတိုက်မှာတော့ အမျိုးအစားစုံလင်လှတဲ့အိမ်သာပေါင်းစုံကို တစ်စုတစ်စည်းတဲ့ မြင်ရတဲ့အပြင် သမိုင်းကြောင်းဆိုင်ရာဗဟုသုတလည်းရရှိစေမယ့် နေရာတစ်ခုဖြစ်ပါတယ်။

Time မဂ္ဂဇင်းကဖော်ပြတဲ့ ကမ္ဘာ့အထူးဆန်းဆုံးပြတိုက် ဆယ်ခုထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ဒီ နိုင်ငံတကာအိမ်သာပြတိုက်ကတော့ ခေတ်အဆက်ဆက် ပြောင်းလဲအသုံးပြုလာတဲ့ အိမ်သာသမိုင်းကြောင်းဆိုင်ရာအရ စိတ်ဝင်စားစရာကောင်းလှသလို ဟာသအမြင်လေးနှောပြီး စိတ်ရှည်လက်ရှည် ရှင်းပြပေးမယ့် ပြတိုက်ဝန်ထမ်းတွေလည်းရှိတာမို့ တစ်နာရီလောက်အချိန်ပေးရကျိုးနပ်တဲ့ ပြတိုက်တစ်ခုပါ။ အများသူငါ စိတ်ဝင်စားမှုနည်းပါးလှတဲ့ပြတိုက်တစ်ခုဖြစ်တာကြောင့် လူသိနည်းလှပေမယ့် အိမ်သာအကြောင်းနှံ့နှံ့စပ်စပ်သိချင်သူ လေ့လာချင်သူတွေ၊ ချောတို့လို အထူးအဆန်းတွေကိုစိတ်ဝင်စားတဲ့သူတွေ၊ ကလေးတွေဗဟုသုတရအောင် ခေါ်လာပြပေးတဲ့ မိဘတွေ၊ အချိန်ပေးလာရောက်ကြည့်ရှုကြတဲ့ ပြတိုက်တစ်ခုပါ။

 


Ancient monuments, mosques and forts are Delhi’s top attractions and they are mesmerizing must visit places. As we already been to most of the famous places of Delhi, we were searching for offbeat places in Delhi that will give us different and unique experience. While searching, we found the most interesting spot, called ‘International Museum of Toilets’. Yes, toilets! Bring on your toilet jokes.

Delhi’s toilets museums listed in Time Magazine as one of the world’s 10 weirdest museums. International toilets museum is around 45 min drive from downtown Delhi, Cannaught Place. Museum building is not as big building as compared to other museums. It’s a one story building in a large complex surrounded by greenery. This place displays different kinds of toilets and pits in real life size along with descriptions, the name of the pits, the capacity per toilets and how many users can use.

Ironically, this place is very clean and well-maintained. The museum was established in 1992 and displays the traces of the history of the toilet for the past 4,500 years. This place holds the global history of sanitation and toilets from 50 countries. Everything is arranged sequentially in three sections ‘Ancient, Medieval and Modern’. The museum exhibits various kind of toilets, commodes and accessories, development of the toilet related technology of the entire human history, social habits, etiquettes specific to existing sanitary situation and legal framework in different periods. The items on display included decorated toilet seats, toilet furniture, water closets and display boards related to toilet and its use.

Some of the interesting and amusing objects and information charts on display were: display boards with comics, toilet disguised as bookcase, jokes and cartoons related to humors on toilets, toilet pots made of gold and silver, the explanation about farting, floral and fancy urinal pots, and historical information about the sewerage and sanitation system from 3000 BC till the end of the 20th century.

 

One could see from simple chamber pots to elaborate decorated Victorian toilet seats at Sulabh International Museum of toilets tracing the entire evolution of toilets throughout human history. It is indeed a very unusual museum with the very good message and objective of the founder, ‘This museum was to highlight the need to address the problems of the sanitation sector in the country, considering the efforts made in various parts of the world in this filed since the third millennium BC’.

Counted among a few museums of this kind in the entire world, ‘Sulabh International Museum of Toilets ’, has to be on the top of the most off-beat places in Delhi. Delhi’s toilets museum offer one the history of the sewage and sanitation system with a dose of wit and humor that will keep one amused for sure.

 


 

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top