India

International Museum of Toilets – Weird, quirky and interesting!

(English Below) ကမ္ဘာ့အဆန်းကျယ်ဆုံးပြတိုက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဒေလီက အိမ်သာပြတိုက် ဒေလီက အထင်ကရနေရာတွေလည်း စုံအောင်ရောက်ဖူးပြီဆိုတော့ ဘယ်သွားလည်ရင်ကောင်းမလဲရှာရင်းဖွေရင်း အိမ်သာပြတိုက်ဆိုတာတွေ့တာနဲ့ အတော့်ကိုစိတ်ဝင်စားမိသွားပါတယ်။ တစ်ခါမှ မကြားဖူးဘူးရယ် ဘာတဲ့ အိမ်သာပြတိုက်။ ဘာတွေကို ပြထားမှာလဲ။ ညစ်ညစ်ပတ်ပတ်နေရာကြီးလား ဆိုပြီး စဉ်းစားမိရင်း ပြုံးမိသွားတယ်။ နာမည်နဲ့တင် စိတ်ဝင်စားဖို့ကောင်းနေတာမို့ ဒေလီမြို့လယ်ကနေ ၄၅မီနစ်လောက်ကားမောင်းရင်ရောက်တဲ့ အိမ်သာပြတိုက်ကိုအရောက်သွားခဲ့ပါတယ်။ ပြတိုက်ဆိုပေမယ့် ခမ်းခမ်းနားနား အဆောက်အဦးကြီးလိုမျိုးမဟုတ်ပါဘူး။ တစ်ထပ်တိုက်ကိုမှ အကျယ်ကြီးဆောက်ထားတာမျိုးပါ။  ပန်းရနံ့လေးတွေမွှေးပျံ့နေပြီး စိမ်းစိမ်းစိုစိုနေတဲ့ ပန်းရုံတောကြီးက ဝင်လမ်းအမိုးပေါ်ကနေ အရိပ်မိုးပေးထားပါတယ်။ ပြတိုက်အတွင်းထဲမဝင်ခင် အပြင်ဘက်မှာတင် အိမ်သာပုံစံ၊ အိမ်သာတွင်းပုံစံအမျိုးမျိုးကို တကယ့်လက်တွေ့ပုံစံအတိုင်း ဆောက်လုပ်ပြထားတာကိုတွေ့ရပါတယ်။ အိမ်သာတွေဆိုလို့ ညစ်ပတ်တဲ့နေရာလို့ ကိုယ်တွေထင်တာမှားရောပေါ့။ တကယ့်ကို သန့်ရှင်းသပ်ယပ်ပြီး အင်မတန် စနစ်တကျဆောက်လုပ်ထားတာပါ။ ဘယ်နှခုနှစ်က ဘယ်နေရာတွေမှာ သုံးတာ၊ ဘယ်နှနှစ်ခံတယ်၊ ဘယ်လောက်ကုန်ကျမယ်၊ …

International Museum of Toilets – Weird, quirky and interesting! Read More »

အိန္ဒိယနိုင်ငံရဲ့မြို့တော် ဒေလီမှာ သွားလည်သင့်တဲ့နေရာများ (အပိုင်း ၄-နောက်ဆုံးပိုင်း)

( English Version ) ၁၀။ Red Fort ဒေလီမြို့ဟောင်းမှာတည်ရှိတဲ့ အနီရောင်ခံတပ်ကြီး Red Fort ဟာ မဂိုမင်းအဆက်ဆက် ဧကရာဇ်တွေနေထိုင်ရာနေရာဖြစ်ခဲ့ပြီး နိုင်ငံရေးဆိုင်ရာအခမ်းအနားတွေကျင်းပရာနေရာလည်းဖြစ်ခဲ့ပါတယ်။ မဂိုမင်းတစ်ပါးဖြစ်တဲ့ ရှာဂျဟန်က ၁၆၃၉ ခုနှစ်မှာတည်ဆောက်ခဲ့တာဖြစ်ပြီး အနီရောင်သဲကျောက်များကိုသုံးပြီးတည်ဆောက်ထားတာကြောင့် အနီရောင်ခံတပ်ကြီးလို့အမည်တွင်ခဲ့တာပါ။ ခံတပ်ကြီးတစ်ခုလုံးရဲ့အတွင်းအပြင် ဗိသုကာလက်ရာတွေကတော့ အစ္စလမ်-အိန္ဒိယ ရောယှက်ထားတဲ့ ဗိသုကာလက်ရာတွေဖြစ်ပါတယ်။ ခံတပ်ကြီးရဲ့အဓိကဝင်ပေါက်ကြီးဖြစ်တဲ့ လဟိုးဝင်ပေါက်ကနေ ဝင်သွားရင်တော့ လက်မှုပစ္စည်းလေးတွေ၊ ကျောက်မျက်ရတနာလေးတွေရောင်းတဲ့ ဈေးဆိုင်တန်းတစ်ခုကိုမြင်ရမှာပါ။ ခံတပ်ကြီးအတွင်းမှာတော့ ရှေးဟောင်းသုတေသနဆိုင်ရာပြတိုက်တစ်ခု၊ အိန္ဒိယစစ်အောက်မေ့ဖွယ်ရာပြတိုက်တစ်ခု နဲ့ ၂၀ရာစုနေတွေတုန်းက ထင်ရှားကျော်ကြာခဲ့တဲ့ အာဇာနည်တွေရဲ့သွေးပန်းချီကားတွေပြထားတဲ့ ပြတိုက်တစ်ခု ရှိပါတယ်။ ခံတပ်ကြီးအတွင်းက အဆောက်အဦးတစ်ချို့က အနည်းငယ်သာပျက်စီးပြီး အကောင်းအတိုင်းသာရှိနေသေးပေမယ့် တစ်ချို့ကတော့ လုံးဝပျက်စီးစပြုနေပါပြီ။ ယနေ့ထက်တိုင် ခိုင်ခိုင်မာမာ မပျက်မစီးတည်ရှိနေတာတွေကတော့ မြို့ရိုးကြီးတစ်ခုလုံး၊ ဝင်ပေါက်ဂိတ်များ၊ ပရိသတ်တွေအတွက်ထားရှိတဲ့ ခန်းမကြီးများ၊ အရှေ့ဘက်မြစ်ကမ်းပါးပေါ်တစ်ဝိုက်မှာတည်ရှိတဲ့ …

အိန္ဒိယနိုင်ငံရဲ့မြို့တော် ဒေလီမှာ သွားလည်သင့်တဲ့နေရာများ (အပိုင်း ၄-နောက်ဆုံးပိုင်း) Read More »

Places you must visit in Delhi (Part 4 – Final)

( မြန်မာဘာသာ ) 10. Red Fort Lal Qila, ‘Red Fort’, the large historic monument is located in Old Delhi. It was the main residence of the emperors of the Mughal dynasty and the ceremonial and political center of the Mughal state.   The red fort was constructed in 1639 by Shah Jahan and is named after …

Places you must visit in Delhi (Part 4 – Final) Read More »

ခံတပ်ပျက်ကြီး – The Ruined Fort

(English Below) ဒီတစ်ပတ် စနေနေ့မှာတော့ ဒေလီမြို့ တောင်ဘက်အစွန်ဆုံးနေရာမှာတည်ရှိတဲ့ ခံတပ်ပျက်ကြီးတစ်ခုကို မထင်မှတ်ဘဲရောက်ရှိခဲ့ပါတယ်။ Tughlaqabad Fort လို့ခေါ်တဲ့ ဒီခံတပ်ကြီးကို ၁၃၂၁ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တာကြောင့် အခုဆို နှစ်ပေါင်း ၇၀၀ နှစ်ပါးသက်တမ်းရှိပါပြီ။ အတော်အိုဟောင်းပြီး ပျက်စီးနေပေမယ့်လည်း တစ်ချို့နေရာတွေကတော့ ယနေ့တိုင် မပျက်စီးသေးတာတွေ့ရပါတယ်။ ခံတပ်ကြီးတစ်ခုလုံးကို ကျောက်သားတွေနဲ့တည်ဆောက်ထားပြီး အပိုင်းတစ်ခုချင်းစီကို စနစ်တကျ တည်ဆောက်ထားကို တွေ့ရပါတယ်။ ရေလှောင်ကန်ကြီးတွေ၊ နားနေဆောင်တွေ၊ မြေအောက်လမ်းတွေ၊ တော်ဝင်အိမ်ခန်းတွေ၊ ဝင်ပေါက် ၁၃ခု၊ ခန်းမကြီးတွေ စတာတွေက အနည်းငယ်သာပျက်စီးသေးပြီး ခိုင်ခိုင်မာမာတည်ရှိနေဆဲပါ။ အပေါ်စီးကမြင်ရတဲ့ မြင်ရတဲ့ စိမ်းစိမ်းစိုစိုမြင်ကွင်းတွေအပြင် လေတဖြူးဖြူးနဲ့မို့ သိပ်သာယာတဲ့နေရာလေးတစ်ခုပါ။ အတော်ကျယ်ဝန်းတဲ့ ခံတပ်ပျက်ကြီးထဲမှာ ဘယ်နေရာခြေချချ စိတ်ဝင်စားစရာကောင်းလှသလို အပျက်အစီးပုံတွေကြား၊ မပျက်စီးသေးတဲ့နေရာတွေကြားမှာ လျှောက်သွားရတဲ့ အတွေ့အကြုံတွေကြောင့် သိပ်လှတဲ့ ညနေခင်းလေးတစ်ခုဖြစ်စေခဲ့ပါတယ်။ …

ခံတပ်ပျက်ကြီး – The Ruined Fort Read More »

အိန္ဒိယနိုင်ငံရဲ့မြို့တော် ဒေလီမှာ သွားလည်သင့်တဲ့နေရာများ (အပိုင်း ၃)

( English Version ) ၇။ Connaught Place စီပီ (CP – Connaught Place) လူသိများတဲ့ ရှော့ပင်းထွက်ဖို့ နေရာကောင်းတစ်ခု ဖြစ်သလို လျှောက်လည်၊ လျှောက်ကြည့်ဖို့ နေရာကောင်းတစ်ခုဖြစ်ပါတယ်။ စီပီဟာ ဒေလီရဲ့ စီးပွားရေးအချက်အချာအကျဆုံးနေရာ၊ လူအစည်ကားဆုံးနေရာတစ်ခုဆိုလည်း မမှားပါဘူး။ အဝိုင်းပတ်ပုံစံကို နှစ်လွှာခွဲထားပြီး အပြင်ဝိုင်း၊ အတွင်းဝိုင်းဆိုပြီး ခေါ်ကြပါသေးတယ်။ အပြင်ဝိုင်းမှာဆိုရင်တော့ စားသောက်ဆိုင်တွေ၊ ဘားတွေ၊ စာအုပ်ဆိုင်တွေ၊ မုန့်ဆိုင်တွေနဲ့ ပြည့်နှက်နေပြီး အတွင်းဝိုင်းမှာဆိုရင်တော့ များသောအားဖြင့် လမ်းဘေးဆိုင်လေးတွေ၊ အိန္ဒိယထွက် လက်မှုပစ္စည်းလေးတွေ၊ ခမ်းနားတဲ့ branded ဆိုင်ကြီးတွေနဲ့ ပြည့်နေပြီး အလည်ခေါင်မှာဆိုရင်တော့ ပန်းခြံတစ်ခုရှိပါတယ်။ ပန်းခြံရဲ့အပေါ်မှာ ထောင်ထားတဲ့ အလွန်တရာကြီးမားတဲ့ အိန္ဒိယအလံကြီးကို ထောင်ထားတာမြင်ရမှာပါ။ နောက်ပြီးတော့ ဂန္ဒီရဲ့အမှတ်သင်္ကေတဖြစ်တဲ့ ဗိုင်းငင်စက်ကြီးကိုပါ မြင်တွေ့နိုင်ပါတယ်။ …

အိန္ဒိယနိုင်ငံရဲ့မြို့တော် ဒေလီမှာ သွားလည်သင့်တဲ့နေရာများ (အပိုင်း ၃) Read More »

Places you must visit in Delhi (Part III)

( မြန်မာဘာသာ ) Connaught Place CP is a well-known place for shopping and evening outing. It’s also a main commercial area of Delhi. It’s constructed like two layers of circle called inner circle and outer circle and a park in the center. In outer circle, there are plenty of book shops, food shops, restaurants and …

Places you must visit in Delhi (Part III) Read More »

အိန္ဒိယနိုင်ငံရဲ့မြို့တော် ဒေလီမှာ သွားလည်သင့်တဲ့နေရာများ (အပိုင်း ၂)

(English Version) အပိုင်း ၁ မှ အဆက်  Jantar Mantar အခုလက်ရှိ ခေတ်ပေါ် နာရီတွေမပေါ်ခင် ရှေးခတ်က လူတွေ  ခုနှစ်၊ရက်၊လ၊အချိန်တွေကို တွက်ချက်ဖို့ တည်ဆောက်ခဲ့တဲ့ ဗိသုကာလက်ရာမြောက် နက္ခတ်ဗေဒဆိုင်ရာ ကိရိယာအဆောက်အဦးကြီးတွေကို လေ့လာချင်တယ်ဆိုရင်တော့ ဒေလီက Jantar Mantar မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ မြို့လယ်ခေါင် လူစည်ကားရာနေရာကနေ လမ်းလျှောက်သွားရင် အလွယ်လေးရောက်နိုင်တဲ့ Jantar Mantar ဟာ နက္ခတ်ဗေဒဆိုင်ရာ အဆောက်အဦး (ကိရိယာကြီးတွေ) ၁၃ ခုနဲ့ဖွဲ့စည်းထားတဲ့ နေရာကြီးဖြစ်ပါတယ်။ Jantar Mantar ဟာ အချိန်ခန့်မှန်းဖို့၊ ဂြိုလ်၊ နေ၊ လတို့ရဲ့ ရွှေ့လျားမှုတွေကို စောင့်ကြည့်ဖို့နဲ့ နက္ခတ်ဗေဒဆိုင်ရာများကိုပေါင်းစပ်ခန့်မှန်းဖို့ စတဲ့ရည်ရွယ်ချက်များနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာလောက်တုန်းက တည်ဆောက်ခဲ့တာပါ။ သမိုင်းဝင် နက္ခတ်ဗေဒဆိုင်ရာ သိသာထင်ရှားလှတဲ့ …

အိန္ဒိယနိုင်ငံရဲ့မြို့တော် ဒေလီမှာ သွားလည်သင့်တဲ့နေရာများ (အပိုင်း ၂) Read More »

Places you must visit in Delhi (Part II)

( မြန်မာဘာသာ ) From Part I Jantar Mantar If you have ever wondered how the ancient people predicted the time, day, month and year, then you should definitely go and see Jantar Mantar. The giant astronomy instruments at Jatar Mantar complex will leave you spellbound. It is located in central Delhi and has 13 astronomy devices. It …

Places you must visit in Delhi (Part II) Read More »

အိန္ဒိယနိုင်ငံရဲ့မြို့တော် ဒေလီမှာ သွားလည်သင့်တဲ့နေရာများ (အပိုင်း ၁)

(English Version) မြို့တော် ဒေလီဟာ တိုင်းရင်းသားပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ လူပေါင်းမြောက်များစွာနေထိုင်သော နာမည်ကျော်လှတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ အိန္ဒိယ ဗျူရိုကရေစီနှင့် နိုင်ငံရေးစနစ်များမွေးဖွေးရာ အစိုးရရုံးများအခြေစိုက်ရာ နေရာလည်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ သမိုင်းဝင် ယဉ်ကျေးမှုအဆောက်အဦးတွေ၊ ရှေးဟောင်း နေရာတွေကြောင့် ကျော်ကျားလှသို ဒေလီမြို့မှာလည်း လှပခမ်းနားတဲ့ယဉ်ကျေးမှု ဗိသုကာလက်ရာတွေကို ရင်သပ်ရှုမောနိုင်မယ့်နေရာတွေလဲ မြောက်များစွာတည်ရှိနေပါတယ်။ လူဦးရေထူထပ်များပြားလှတဲ့အပြင် ရှုပ်ယှက်ခတ်နေတဲ့ ဒီမြို့ကြီးမှာ ရောင်စုံလူအုပ်ကြီးတွေဟာ ဟိုနေရာဒီနေရာ အလုပ်ရှုပ်နေကြတာကိုမြင်တွေ့ရမှပါ။ ဒေလီမြို့ကြီးရဲ့ လူနေမှုဘဝ၊ ရုန်းကန်လှုပ်ရှားမှု စတာတွေဟာလည်း တစ်မျိုးတစ်ဖုံ စိတ်ဝင်စားစရာကောင်းလို့နေမှာပါ။ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ချစ်ခင်ရင်းနှီးစွာအတူနေထိုင်ကြတဲ့ ဒေလီမြို့တော်ကြီးက သူ့ဆီလာလည်တဲ့ ဧည့်သည်တွေကို တနည်းနည်းနဲ့ စိတ်ဝင်စားအောင်ဆွဲဆောင်ကာ ကြိုဆိုနေပါလိမ့်မယ်။ ဒေလီရာသီဥတုဟာ အရမ်းပူတာမို့ ဆောင်းရာသီ (ဒီဇင်ဘာ-ဇန်နဝါရီ) ကလွဲပြီး ကျန်တဲ့လတွေမှာ လာလည်ဖြစ်ခဲ့ရင် အပြင်သွားတိုင်း ထီး၊ဦးထုပ်၊လက်ရှည်၊နေကာ …

အိန္ဒိယနိုင်ငံရဲ့မြို့တော် ဒေလီမှာ သွားလည်သင့်တဲ့နေရာများ (အပိုင်း ၁) Read More »

Places you must visit in Delhi ( Part I )

 ( မြန်မာဘာသာ ) New Delhi is a cosmopolitan city with a multi-ethnic and multi-cultural population. It’s also the center of the Indian bureaucracy and political system. India is famous for her several amazing architectural buildings and historic sites, and Delhi is also home to a lot of old traditional and cultural sites to wonder. Delhi …

Places you must visit in Delhi ( Part I ) Read More »

အံ့ဖွယ် ဗိသုကာ တာ့ဂ်ျမဟာ

( English Version ) ဆောင်းအကုန်နွေအကူးကာလ၊  အိန္ဒိယမြေကိုခြေချပြီးနောက်တစ်ရက်မှာတင် ကမ္ဘာမှာအထင်ကရကျော်ကြားလှတဲ့ အိန္ဒိယရဲ့သင်္ကေတ တာ့ဂ်ျမဟာ (Taj Mahal) ကိုရောက်ဖြစ်ခဲ့လေသည်။ မြန်မာ့မြေမှဒေလီသို့အလာ ၅နာရီကြာလေယာဉ်ခရီးကြောင့် ခရီးပန်းနေသောကိုယ့်ခမျာ ဒေလီ (Delhi) မှ တာ့ဂ်ျမဟာရှိရာ အာဂရာမြို့သို့အသွားလမ်းခရီးမှာ တစ်လမ်းလုံးအိပ်ပျော်ကာလိုက်ပါခဲ့လေသည်။   အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ အာဂရာမြို့ (Agra)၊  ယမုံနာ (Yamuna) မြစ်ကမ်းဘေးမှာတည်ရှိတဲ့ တာ့ဂ်ျမဟာကိုရောက်ရန် ဒေလီမှ ကားဖြင့် အသွား ၄နာရီခန့်ကြာမြင့်ပေသည်။ အာဂရာမြို့ကိုစရောက်ရောက်ချင်း ဘယ်မှမသွားခင် အသိတစ်ယောက်အိမ်သို့ခဏဝင်လည်ဖြစ်သည်။ ဖော်ရွေလှသော အသိလင်မယားက အာလူးကတ်သလိတ်ကြော်နှင့် လက်ဖက်ရည်ကို မနက်စာအဖြစ်တည်ခင်းဧည့်ခံလေသည်။ အာလူးကတ်သလိတ်ကြော်မှာ အစာသွတ်မပါဘဲ ရိုးရိုးရှင်းရှင်းစားမြိန်လှပေသည်။ လက်ဖက်ရည်ကတော့ နွားနို့များများ သကြားနည်းနည်းနှင့် အရည်ကျဲကျဲဖြစ်သဖြင့်  ရန်ကုန်က သောက်နေကျလက်ဖက်ရည်နှင့်မတူ အရသာမရှိ ပေါ့ရွတ်ရွှတ်ကြီးဖြစ်နေသည်။ သကြားနှစ်စွန်းခန့်ထပ်ထည့်မှ သောက်ရတာအရသာလေးလေးပင်ပင်ရှိပေတော့သည်။ မနက်စာစား၊ …

အံ့ဖွယ် ဗိသုကာ တာ့ဂ်ျမဟာ Read More »

India’s Orange Weeks (or) Kanwar Yatra

( မြန်မာဘာသာ ) In mid-July heat, encountering people dressed in orange, walking very energetically on the road is something unusual for me. Men, women, teenagers and young children, all wearing a similar orange one looks to be very beautiful to me and its very eyes catching too. When I look at them closely, I noticed that …

India’s Orange Weeks (or) Kanwar Yatra Read More »

အိန္ဒိယရဲ့ လိမ္မော်ရောင် ရက်သတ္တပတ်များ (သို့မဟုတ်) Kanwar Yatra

( English Version ) မုတ်သုံရာသီ ဇူလိုင်လလယ်ရောက်လာပြီဆိုရင် လမ်းမတွေပေါ်မှာ လိမ္မော်ရောင်ဝတ်ဆင်ထားတဲ့သူတွေ အားကြိုးမာန်တက်လမ်းလျှောက်နေတာကို မြင်တွေ့ရခြင်းက ကိုယ့်အတွက် အထူးအဆန်းဖြစ်လို့နေပါတယ်။ ကလေး၊ လူကြီး၊ ယောကျာ်း၊ မိန်းမ အမျိုးစုံပါဝင်သလို သူတို့အကုန်လုံးဟာ လိမ္မော်ရောင်ကို ဆင်တူဝတ်ဆင်ထားခြင်းဟာ တစ်မျိုးတစ်မည် မျက်စိပသာဒဖြစ်လှပါတယ်။ သေချာကြည့်ရင် လမ်းလျှောက်နေတဲ့သူတွေဟာ ရိုးရိုးလမ်းလျှောက်နေတာမဟုတ်ဘဲ သူတို့ပုခုံးပေါ်မှာ ထမ်းပိုးတွေကိုမြင်ရမှာပါ။ ထမ်းပိုးတွေမှာတော့ ရေအိုးလေးတွေ တစ်ဖက်တစ်ချက်ချိတ်ဆွဲထားကို မြင်တွေ့ရမှာဖြစ်ပြီး တစ်ချို့ထမ်းပိုးတွေဟာဆိုရင် ရောင်စုံချယ်သအလှဆင်ထားတာက ရောင်စုံအိန္ဒိယဆိုတဲ့ နာမည်နဲ့လိုက်ဖက်လွန်းလှပါတယ်။ တစ်ချို့ကလည်း လူဆွဲတဲ့လှည်းတွေပါသလို၊ တစ်ချို့ကတော့ ထမ်းပိုးမပါဘဲ ရေဗူးကိုသာ ရင်ဘတ်မှာချိတ်ဆွဲထားတာမြင်တွေ့ရမှာပါ။ သူတို့ ဘယ်ကိုသွားပြီး ဘာသွားလုပ်မှာလဲဆိုတာက စိတ်ဝင်တစား မေးမြန်းစုံစမ်းကြည့်မိတဲ့အခါ…. ဇူလိုင်၊ သြဂုတ် မုတ်သုံရာသီမှာ အိန္ဒိယမြောက်ပိုင်းတစ်ခုလုံးနီးပါး ဆင်နွဲတဲ့ Kanwar Yatra ဖြစ်ပါသတဲ့။ တိုက်ရိုက်ဘာသာပြန်ရရင် …

အိန္ဒိယရဲ့ လိမ္မော်ရောင် ရက်သတ္တပတ်များ (သို့မဟုတ်) Kanwar Yatra Read More »

Scroll to Top